Katsuo Bushi ( Bonito Flakes ) 500g*** Discount 5% OFF (100% Natural ငါးအသားလွှာမှုန့်) (167)

yurionlineshop

  • K-66,975
    Unit price per 
  • Save K-3,525
Tax included. Shipping calculated at checkout.

Only 1897 left!

100% သဘာ၀ Natural ကို မှ သုံးစွဲ ချင်သူများအတွက် Dashi ထုတ်လုပ်သည့်Katsuo ငါး အသားလွှာမှု့န်ဖြစ်ပါသည်။
Katsuo ငါး ကို ကွန်ပြူတာအပူ ချိန် ထိမ်းချုပ် စက်များဖြင့် အပူပေး ပေါင်း တင် ထုတ်လုပ် ပြီး အသားလွှာများဖြစ်အောင် ခြစ်ယူ ထုတ်လုပ်ထားသော 100% သဘာ၀ ငါးအသားလွှာ မှုန့်ဖြစ်ပါသည်
Hotel စားသောက်ဆိုင်ကြိးများ ဟင်းခတ်မှုန့်အစားအသုံးပြုသော အလွန်သန့်ရှင်းပြိး အန္တရယ်ကင်း အဟာရ ဖြစ် အရသာ ကောင်းမွန်စေသည့်  သဘာ၀ ထုတ်ကုန်ဖြစ်ပါသည်
Dashi ထုတ်လုပ်သော ပထမအဆင့် ငါးအသားလွှာများဖြစ်ပါသည်
ဟင်းချက်စဉ် Bushi အဖတ်များကို ရေပူဖြင့်ပြုတ်ပြိး အဖတ်များကို ဆယ် ယူထားပါ  ရလာသော ပြုတ်ရည်ဖြင့် ဟင်းချက်ခြင်း ဟင်းချိုများချက်ခြင်း အသီးအရွက်ကြော်များတွင် ဆမ်းခြင်း စသည်ဖြင့် အသုံးပြုနိုင်ပါသည်။
အလွန်ချိုမြသော အရသာရှိ ပြိး အဟာရတန်ဖိုး အလွန်မြင့်မားပါသည် သွေးတိုး တတ်သူများ အထူးသင့်လျော်ပါသည် အသားငါး အားလုံး ကို  ချက်ပြုတ်ရာတွင် BUSHI ပြုတ်ထားသော ရေဖြင့်  ချက်ပြုတ် သုံးစွဲ သင့်ပါသည်
Yuri Japanese Healthy Life
မြောက်ဒဂုံ ဆရာစံလမ်းမပေါ် 
31ရပ်ကွက်
ပင်လုံအိမ်ယာမျက်နှာချင်းဆိုင်
09-4444-55849  , 09-4444-55847
Katso Bushi ဖြင့်ချက်ထားသော Hotel စားသောက်ဆိုင်များ ဝက်သားချက်နည်း
အဟာရ လည်းဖြစ် လုံးဝမအီသောအဆီလဲ မတတ်စေပဲ အရသာရှိ  သော ဂျပန်ဝက်သား ဟင်းချက်နည်း
ဝက်သား ၃ထပ်သားကို လက် ၃ လုံးခန့် အနေ အမြောင်း ရှည်ရှည် တုံးပါ မပိုင်းပါနှင့်ဥိး ရေ သေချာဆေးပါ ပြီးလျှင် ရေသန့်ဖြင့် တစ်ပွက် နှစ်ပွက် ဆူ ခန့် တည်ပါ (အကြာကြိး မတည်ရပါ ) အသား များ ဆူပြီးအညှိရေများထွက်လာလျှင် သွန်ပြစ်ပြီး အသားကို ရေအေးဖြင့် ဆေးလိုက်ပါ
နောက်တစ်ကြိမ် ရေသန့်ဖြင့် အသားမြုတ်အောင် ရေထည့်ပြီး အသားနူးအိလာသည်အထိ အရမ်းမီးမပြင်းစေပဲ တည်ပါ
အသားနူးအိလာပါက ရေခန်းသွားလျှင် ရေပူထပ်ထည့်ပေးပါ ရေ ၃ပုံတစ်ပုံသာကျန်ပါစေ အသားနူးလျှင်  ဖိုပေါ်မှချ အအေးခံထားပါ အေးလျှင် အရေနှင့် အသားများကို  ရေခဲသေတ္တာထဲ ဆန့်မည့် ခွက်ထဲ ပြောင်း ထည့် ပြိး အဖုံးအုပ် တစ်ညအအေးခံထားလိုက်ပါ ပြုတ်ရေမသွန်ရပါ
မနက်ရောက်လျှင် ရေခဲသေတ္တာထဲမှ ထုတ်ပါက အဆီ ခဲများ အပေါ်တွင် တတ်နေပါမည် လည်းကောင်း အဆီခဲများ ကိုသွန်ပြစ်ပြီး အဆီ မပါသော ပြုတ်ရည် သန့်ကို စစ်ယူထားပါ
ဝက်သားသည် အအေးခံထားသဖြင့် မာ နေပါမည် ပုံပါ အတိုင်း အနေတော် အတုံးများတုံးပါ ထို့နောက် ဆီအနည်း ငယ် (ဆီမများပါစေနှင့်) တွင် ကြက်သွန် နီ ကြက်သွန်ဖြူ ညက်အောင် ထောင်းပြိး ဆီသတ်ပြီး   သိကြား စတီးဇွန်း တစ်ဇွန်း ခန့် ထည့်ပြီး ဝက်သားကို လုံးဆီ သတ် ချက် ပါ  .. (ဆိများလျှင် လုံးဝမကောင်းပါ ဆီသည် အိုးမတူးရန်အတွက်သာသုံးပါသည် )
ထိုေ့နာက် ရေအစား ဝက်သားပြုတ်ရည် ထည့်ပြီး  ဂျပန် မုန်လာဥ ကြီး (City Mart တွင်ရ ပါသည် တစ်ခါတစ်ရံ ဈေးများ တွင်လဲ ရပါသည်) ပုံပါအတိုင်း အခွံနွှာပြိး အနေတော်တုံး၍ ထည့်ပြုတ်ပါ ရေဆူ လာ လျှင်  Katsuo Bushi ကို သင့်တင့် ယုံထည့်ပါ ဂျင်း ကို အပြား ပါးပါး များ များ လှီးထည့်ပါ...
ထိုေ့နာက် ဂျပန် Shoyu ပဲပိစပ် ငံပြာရည် ကို ယောက်ချိုဇွန်း ငယ်တစ်ဇွန်းခန့်ထည့်ပါ ပြုတ် ရေခန်း ပြီး အသားများ နှင့် ငံပြာရည် ကပ် ခါ နီးဖြစ်အာင်မီးနွေးနွေးဖြင့် နှပ်ပြီး တည်ပါ မိးမပြင်းပါစေနှင့် မုန်လာဥ နူးလျှင် ပု့ ံပါအတိုင်း  ပွဲပြင် ၍ စား၍ရပါပြီ ....
အရည်ကိုအသုံးပြုလိုပါက ရေပူ အနည်းငယ် ထပ်ထည့်ပြီး ဟင်းရည်အနည်းငယ် ကျန်သည်အချိန် မှာ မီးပိတ်ပါ သုံးဆောင်ပါ
ကြက်ဥ ဘဲဥ ပြုတ်အခွံနွှာထည့်၍လည်း အိုး ကြက်ဥ အိုးဘဲဥ အရသာသစ် ရပါသည်
အရသာရှီ ပြီး လုံးဝအဆီမတတ် မအီေ သာ ဝက်သားဟင်းဖြစ်ပါသည်လုံးဝမအီပါ
မုန်လာဥအရသာသည် အလွန် ချိုမြ ပါသည် ကလေးငယ်များ သက်ကြိးရွယ်အိုများ  အစာဆင်ခြင် ရသူများပင် စားသုံး ၍ရသော အဆီမပါသည့်ဝက်သားဟင်းလျာဖြစ်ပါသည်
အစပ်အနည်းငယ်ပါမှ အရသာ ရှိ သော မြန်မာ အရသာအတွက် ငရုတ်သီးသံပုရာထောင်း သို့ဟုတ် ငရုတ်သိးဆားထောင်း တို့ဖြင့် တွဲဖက်စားသုံးပါ ကအလွန်လိုက်ဖတ်ပြီးအရသာ ဆန်းသစ် သည့်ဟင်းလျာတစ်ခွက်ဖြစ်ပါသည်....
ငရုတ်သီးဆားထောင်း
ကြက်သွန် ဖြူ ကိုညက်အောင် ထောင်းပြီး ငရုတ်သီး အကျတ်မှုန့်ကို ဆားများများ  Dashi အနည်းငယ် တို့ဖြင့် နှံအောင် မွှေပြိး ကြက်သွန်ဖြူ ထောင်း ဖြင့် ထပ်မံ ရော နယ် ပြီး တစ်ချက် နှစ်ချက် ထောင်း ထားသော ငရုတ်သိး ဆားထောင်း ကို နှမ်းဆီမွှေး သံပုရာသီး ညှစ် ပါ
ဝက်သားမုန်လာဥဟင်းနှင့်အလွန်လိုက်ဖက်ပါသည်
တစ်ခါ လုပ်ထားလျှင် တစ်ပါတ် ၁၀ ရက်စာ ခန့်လုပ်ထား၍ရပါသည်


We Also Recommend


Customer Reviews

Based on 1 review Write a review